
Watch Midnight in the Switchgrass Full Movie
ပန်ဆာကိုလာမြို့ထဲမှာ အသက်ငယ်ငယ်အမျိုးသမီးများကိုပြန်ပေးဆွဲပြီး အလောင်းကိုလမ်းဘေးတစ်နေရာမှာ ပစ်ထားတဲ့အမှုဟာ တစ်နေ့တစ်ခြားတိုးလာပါတယ် ဒီအမှုကိုကိုင်တွယ်ရတဲ့ရဲအရာရှိဘိုင်ရွန်ခရောဖော့ဟာ ကွင်းဆက်လူသတ်သမားဟာ အသက်ငယ်ငယ်ဆေးသုံးတဲ့ပြည့်တန်ဆာ မိန်းကလေးတွေကိုပစ်မှတ်ထားသတ်ဖြတ်တာကိုတွေ့ရှိသွားပါတယ် တစ်ဖက်မှာလည်း FBI အေးဂျင့်နှစ်ယောက်ဖြစ်တဲ့ ကာလ်နဲ့လွန်ဘာဒိုတို့နှစ်ယောက်ကလည်း အသွင်ယူပြီး ဒီအမှုကိုစုံစမ်းနေပေမယ့် ဘယ်လိုမှဖမ်းလို့မမိနိုင်ဘဲဖြစ်နေပါတယ်ဒီလိုနဲ့အမှုတစ်ခုမှာသူတို့သုံးယောက်ဟာ အခင်းဖြစ်ပွားရာနေရာကိုလာရောက်ကြည့်ရှုရင်း သူတို့စုံစမ်းနေတဲ့အမှုတွေဆက်စပ်မှုရှိနေတာကိုသိသွားပါတယ် ဒါနဲ့သူတို့စုံစမ်းထားတဲ့အချက်အလက်တွေကိုဖလှယ်ပြီး စုံစမ်းဖို့ဆုံးဖြတ်လိုက်ပါတော့တယ် သူတို့သုံးယောက်ပေါင်းပြီးအမှုကိုဘယ်လိုမျိုးဖြေရှင်းသွားမလဲ နောက်ထပ်မိန်းကလေးတွေကိုကွင်းဆက်လူသတ်သမားရဲ့ သားကောင်မဖြစ်အောင်ဘယ်လိုကာကွယ်သွားမလဲဆိုတာ