
Watch The Witcher: Blood Origin All Season
နာမည်ကျော် The Witcher စီးရီးကြီးရဲ့ မူလအစအကြောင်းကို လေးပိုင်းပါဝင်တဲ့ စီးရီးတစ်ခုအနေနဲ့ နက်ဖလစ်က တင်ဆက်လိုက်ပါပြီ။ ဒီစီးရီးမှာတော့ ကမ္ဘာပေါ်ကို လူသားတွေ မိစ္ဆာတွေမရောက်သေးခင် နတ်သူငယ်တွေရဲ့ခေတ်ကို အခြေခံထားပါတယ်။ နတ်သူငယ်အင်ပါယာကြီးရဲ့ အင်အားကြီးကို စစ်သည်တော် ၇ ယောက်က အံတုတိုက်ခိုက်ရင်း ပထမဆုံးသော ဝစ်ချာ ပေါ်ပေါ်လာပုံကို အခြေခံထားတာပဲ ဖြစ်ပါတယ်။ ဝစ်ချာစီးရီးရဲ့ ဝိသေသအတိုင်း သတ်တာဖြတ်တာကြမ်းကြမ်းတွေ၊ မျိုးနွယ်စုတွေ၊ မှော်တွေ၊ သတ္တဝါတွေ အဆဲအဆိုတွေနဲ့ ဝေဝေဆာဆာကြည့်ရမှာပဲ ဖြစ်ပါတယ်။ ခေတ်မတူတာကြောင့် ဂဲရော့ကြီး မပါဝင်ပေမဲ့ မင်းသမီးကြီး မီရှဲယိုက ဓားသမားအဖြစ် ပါဝင်ထားပါတယ်။ ခံစားကြည့်လိုက်ပါဦး။